facebook founder ကြီး Mark Zuckerberg ညွှန်းပေးတဲ့ စာအုပ် ၃၉ အုပ် အပိုင်း(၂) - Surely You're Joking, Mr. Feynman!
Dec 9, 2023
ဒီနေ့မှာတော့ Mark Zuckerberg ညွှန်းတဲ့ စာအုပ်တွေထဲက ဒုတိယ စာအုပ်ဖြစ်တဲ့
Surely You're Joking, Mr. Feynman! ကို မိတ်ဆက်ပေးပါမယ်။
Surely You're Joking, Mr. Feynman! စာအုပ်ဟာ ကျော်ကြားတဲ့ ရူပဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ Richard P. Feynman ရဲ့ ဆွဲဆောင်မှုရှိပြီး ဟာသဉာဏ်ရွှင်ရွှင်နဲ့ တင်ဆက်ထားတဲ့ အမှတ်တရ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်မှာ Richard P. Feynman ဟာ စိတ်၀င်စားစရာကောင်းတဲ့ သူ့ဘ၀အတွေ့အကြုံတွေကို
Story telling ကောင်းကောင်းနဲ့ မျှ၀ေထားပြီး ဟာသဉာဏ်ရွှင်တဲ့ သိပ္ပံပညာရှင်တစ်ဦး၏ စိတ်ကို
စာဖတ်သူတွေ မြင်သာ လာအောင် စေ့ဆော်ပေးထားပါတယ်။
စာအုပ်တွင် Feynman ၏အစောပိုင်း အတွေ့အကြုံတွေ ဖြစ်တဲ့ စူးစမ်းချင်စိတ်ရှိသောကလေးဘဝမှ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော် Manhattan ပရောဂျက်တွင်သူ၏လုပ်ဆောင်မှုအထိ ခေါင်းစဉ်များစွာပါဝင်ပါတယ်။
Feynman ဟာ သူ Princeton တက္ကသိုလ်မှာ ရှိနေတဲ့ ကာလတုန်းက သူ့ စွန့်စားခန်းတွေ၊၊ သူရဲ့ အနုပညာအပေါ် စွဲလန်းမှု၊ သူ့ရဲ့ သမာရိုးကျမဟုတ်တဲ့ နည်းလမ်းတွေသုံးပြီး သိပ္ပံဘာသာရပ်တွေ ကို လေ့လာပုံတွေ၊
သူအသုံးပြုခဲ့တဲ့ problem solving style တွေကို
စာဖတ်သူ စိတ်၀င်စားလာအောင် ရေးပြထားပါတယ်။
စာအုပ်ထဲမှ highlight ပြစရာတစ်ခုကို ဆွဲထုတ်ရမယ်ဆိုရင် Feynman ၏ဆွဲဆောင်မှုရှိသော storytelling ပုံစံဖြစ်ပါတယ်။ သူရဲ့ storytelling ပုံစံဟာ atomic bomb research တွေလို ရှုပ်ထွေးနက်နဲတဲ့ သိပ္ပံအယူအဆတွေကို လွယ်လွယ်ကူကူနားလည်နိုင်ပြီး entertain ဖြစ်တဲ့ အရေးအသားမျိုးတွေသုံးပြီး background အစုံအလင်က စာဖတ်သူတွေ ကို ဆွဲခေါ်သွားနိုင်ပါတယ်။
Richard Feynman ရဲ့ပုံရိပ်ကို
- ဘင်ဂို ဒရမ်တွေတီးတဲ့ လူတစ်ယောက်၊
- Nude art တွေဆွဲတဲ့ လူတစ်ယောက်၊
- သမာရိုးကျမဟုတ်တဲ့ ဆွဲဆောင်မှုရှိတဲ့ နည်းလမ်းတွေကို သုံးပြီး စာသင်တဲ့
passionate ဖြစ်တဲ့ကျောင်းဆရာတစ်ယောက်
- ဘာသာစကားတွေကို လေ့လာရတာတွေ သဘောကျတဲ့ လူတစ်ယောက်
- ဥာဏ်ရည်မြင့်မားမှုတွေ နဲ့ အကန့်အသတ်မရှိတဲ့ သိချင်စိတ်တွေကို
ပေါင်းစပ်ထားတဲ့ ရူပဗေဒပညာရှင်တစ်ယောက် အဖြစ် မြင်ရမယ့်
Surely You're Joking, Mr. Feynman! ကို
ညိုကီတို့ ပိတ်ရက်မှာ ဖတ်ဖို့ ညွှန်းပေးလိုက်ပါတယ်