Lets Kick the face of GoLang (A friend’s guide to learn Golang)
Jul 28, 2024
Lets Kick the face of GoLang
(A friend’s guide to learn Golang)
ကျနော်တို့ တက္ကသိုလ် တက်တုန်းက
အတန်းထဲမှာ
ရှုပ်ထွေး နက်နဲပါတယ် ဆိုတဲ့
ဆရာတွေက အမှန်အကန် ရှင်းပြရင်တောင် နားမလည်တဲ့
နားထောင်နေရင်း ပျင်းလာပြီး အိပ်ငိုက်သွားတဲ့
ပုစ္ဆာတွေကို
စာမေးပွဲနီးတဲ့ အချိန်
အဆောင်က နဲနဲ နားလည်တဲ့
ဘော်ဒါတစ်ကောင်က စီးကရက်ကို လက်ကြားညှပ်ပြီး
ရှင်းပြလိုက်ရင်
ချက်ချင်း နားလည်သွားတာမျိုး ကြုံဖူးမှာပါ
ဆရာတွေရဲ့ deep down knowledge level နဲ့ entry
level beginner aka (newbie) တွေနဲ့ knowledge level
တအား ကွာတဲ့ အခါ ဆရာတွေက စေတနာ လွန် ပြီး
စကြာ၀ဠာ level နဲ့ ချီပြီး ရှင်းပြ လေလေ
တပည့် ဖြစ်တဲ့ newbie တွေက ရပ်ကွက် level လောက် မှာကို
လည်ထွက် နေ လေ့ရှိကြပါတယ်
အများစု က newbie အနေနဲ့ အစမှာ ဒါမျိုး ကြုံကို ကြုံရလေ့ရှိပါတယ်
Jakob Schwichtenberg
ရဲ့ "Teach Yourself Physics" စာအုပ်ဆိုလဲ အပေါ်က ရပ်ကွက် level ထဲမှာကို
xစ်လည်နေတဲ့ သူအပါအ၀င် သူလို၊ ကိုယ်လို ကောင်တွေကို
ဒီဘဲ ကျောင်းတက်နေရင်း သူနားလည်တာ
နဲနဲကို ဘော်ဒါ အချင်းချင်း ရှင်းပြနေတဲ့
ပုံစံနဲ့ ရေးခဲ့တာပါ
ခု လက်ရှိ go lang ကို စလေ့လာနေတဲ့ သူတွေ
စိတ်၀င်တစား ရှိတဲ့ သူတွေအနေနဲ့
go lang စလေ့လာတဲ့ အခါ course တွေ
youtube video တွေမှာ ရှုပ်ထွေးနက်နဲ တာတွေနဲ့
တန်းတွေ့ပြီး
ေxက်ခွက် ကို လှမ်းကန်ခံရသလို
progress ရပ်သွားတာ တွေကြုံနေရသူတွေ
အတွက် ရည်ရွယ်ပါတယ်
Lets Kick the face of GoLang
(A friend’s guide to learn Golang)
series ဟာ ဘော်ဒါတစ်ကောင်က တက္ကသိုလ် အဆောင်မှာ
စာမေးပွဲ နီးတဲ့ ချိန် စီးကရက် လက်ကြားညှပ်ပြီး
"ဒါတွေက ဒါမျိုး လုပ်လိုက်ရင် ရပြီ"
ဆိုတဲ့ hacker way နဲ့ ရှင်းပြတဲ့ ပုံစံ၊
sharing လုပ်တဲ့ ပုံစံနဲ့ တင်ပေးမှာ ဖြစ်ပါတယ်
ဘော်ဒါတစ်ယောက် ရှင်းပြနေတဲ့ ပုံစံမို့
စိတ်လဲ ပါ အားလဲ အားနေတဲ့ အချိန်တွေဘဲ
တင်ပေးမှာပါ။
"Lets Kick the face of GoLang" series ကို
https://www.htetwaiyan.site/ ကနေ
episode တပိုင်းစီအလိုက် example
github code တွေနဲ့ တင်ပေးမှာ ဖြစ်ပါတယ်
series ရဲ့ episode တစ်ခု စီမှာ မေးစရာ ဘာညာ ရှိရင်
https://www.htetwaiyan.site/ ရဲ့ webchat ဆီ
ဒါမှ မဟုတ် waiyanavionics@gmail.com မှာ
လာမေးလို့ရပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်