facebook founder ကြီး Mark Zuckerberg ညွှန်းပေးတဲ့ စာအုပ် ၃၉ အုပ် အပိုင်း(၁) - Sapiens

Dec 8, 2023

Book PreviewSapiens
facebook founder ကြီး Mark Zuckerberg ညွှန်းပေးတဲ့  စာအုပ် ၃၉ အုပ်  အပိုင်း(၁) - Sapiens

facebook founder ကြီး Mark Zuckerberg ညွှန်းပေးတဲ့
စာအုပ် ၃၉ အုပ်
အပိုင်း(၁) - Sapiens

စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက တော့ ခင်ဗျားတို့ အကုန်သိပြီးသားတွေမို့
အပ်ကြောင်းတွေ အထပ်ခံပြီး နိဒါန်းတွေ ပျိုးမနေတော့ဘူး၊

အလယ်ခေတ်ကနေ ခုထိ ဖြစ်သန်းလာတဲ့ စနစ်အဆက်ဆက်မှာ စနစ်ကို နားလည်ပြီး စနစ်ရဲ့ အားသာချက် အားနည်းချက်တွေကို အကျိုးစီးပွား အနေနဲ့ မြင်နိုင်ပြီး player တွေအနေနဲ့ ကစားနိုင်ခဲ့တဲ့ လူတွေဟာ street smart ရော book smart ရော ဖြစ်ကြသူတွေပါ။

ခင်ဗျားတို့ book smart ဖြစ်မှုကို ပိုတိုးတက်ဖို့ ကျနော်က တစ်ဖက်တစ်လမ်းကနေ ကူညီပေးတဲ့ အနေနဲ့  facebook founder ကြီး Mark Zuckerberg ညွှန်းပေးတဲ့
စာအုပ် ၃၉ အုပ်ကို မိတ်ဆက်ပေးပါ့မယ်။

ပထမဆုံး တစ်အုပ်ကတော့ တော်တော်များများရင်းနှီးပြီး ဖြစ်တဲ့  သမိုင်းပညာရှင်
Yuval Noah Harari ရေးသားတဲ့ Sapiens ဆိုတဲ့ စာအုပ်ဘဲ ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ၁သိန်း တွင် အနည်းဆုံး လူသားမျိုးစိတ်ခြောက်ခု လောက် ကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့ကြပါတယ်။
ဒီနေ့အချိန်မှာတော့ လူသားမျိုးစိတ်တစ်ခု ဘဲ ကမ္ဘာမြေပေါ် နေထိုင်လျက် ရှိပြီး ဒီလူသား မျိုးစိတ် တစ်ခုကတော့
ကျနော်တို့ရဲ့ လူသား မျိုးစိတ် ဖြစ်တဲ့ Sapiens ဘဲဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ မျိုးစိတ်တွေဟာ ကြီးစိုးမှုတိုက်ပွဲမှာ အခြားလူသားမျိုးစိတ်တွေကို  ဘယ်လိုအောင်မြင်ခဲ့လဲ။

ကျွန်ုပ်တို့၏ ဘိုးဘေးများသည် ဘာကြောင့် မြို့များ နှင့် တိုင်းနိုင်ငံများ ကို ဘာကြောင့် ထူထောင်လာခဲ့ကြလဲ၊ ဘယ်လိုမျိုး ထူထောင်လာခဲ့ကြလဲ။

ကျွန်ုပ်တို့ဟာ  ဘုရားတွေ၊ လူမျိုးတွေနဲ့ လူ့အခွင့်အရေးများကို ယုံကြည်လက်ခံကြတဲ့ အနေအထားကို ဘယ်လိုရောက်လာကြလဲ။

ပိုက်ဆံတွေ၊ စာအုပ်တွေ၊ ဥပဒေတွေ၊ ဗျူရိုကရေစီ ယန္တရားကို လိုက်နာမှုတွေ၊ အချိန်ဇယားတွေ၊ စားသုံးသူအခွင့်အရေးတွေ အစရှိတာတွေကို
ယုံကြည်လက်ခံကြတဲ့ အနေအထားကို ဘယ်လိုရောက်လာကြလဲ။

Sapiens စာအုပ်မှာ စာရေးသူဟာ

ကမ္ဘာမြေကြီးပေါ် ပထမဆုံး ရှိလာခဲ့တဲ့ လူသားတွေကနေ သမိုင်းတစ်လျှာက် ဖြတ်ကျော်လာရတဲ့၊ ပြောင်းလဲလာခဲ့ရတဲ့ သိမှုတော်လှန်ရေး၊ စိုက်ပျိုးရေး တော်လှန်ရေးနဲ့ စက်မှုတော်လှန်ရေး အစရှိတဲ့ အပြောင်းအလဲ ကြီးတွေ အကြောင်း တင်ဆက်ပေးထားပါတယ်။

သမိုင်းရဲ့ ရေစီးကြောင်းတွေဟာ ကျနော်တို့ရဲ့ လူ့အသိုင်းအဝိုင်း၊ ကျနော် တို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့  တိရစ္ဆာန်တွေ၊ အပင်တွေနဲ့ ကျနော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဘယ်လို ပုံဖော်ပေးနေလဲဆိုတာ
ဇီဝဗေဒ၊ မနုဿဗေဒ နှင့် စီးပွားရေးဆိုင်ရာ ရှုထောင့်တွေကနေ 
စာရေးသူက သုံးသပ်ပြထားပါတယ်။

သမိုင်းက တိုးတက်လာတာနဲ့အမျှ ကျနော်တို့ ပိုပျော်လာသလား။

ကျနော်တို့ရဲ့ လက်ရှိ အပြုအမူတွေ ဟာ ကျနော်တို့ ဘိုးဘေးတွေရဲ့ အမွေအနှစ်တွေဖြစ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ လွှမ်းမိုးမှုတွေကနေ လွတ်မြောက်နိုင်မှာလား။

နောင်လာမယ့် ရာစုနှစ်တွေသွားမယ့် လမ်းကြောင်းတွေကို လွှမ်းမိုးဖို့ နည်းလမ်း တစ်စုံတစ်ရာ ရှိမယ်ဆိုရင် ဒီနည်းလမ်းကို ကျနော်တို့ ဘယ်လိုလုပ် အသုံးချနိုင်မလဲ။

ရဲရင့်တဲ့၊ ကျယ်ပြန့်တဲ့၊ လှုံ့ဆော်တတ်တဲ့ ကျနော်တို့ မျိုးစိတ်ဖြစ်တဲ့ Sapiens တွေဟာ ကျနော်တို့သိထားသမျှ လူသားဖြစ်တည်ခြင်း အကြောင်းအရာတွေ၊
ကျနော်တို့ရဲ့ အတွေးအခေါ်တွေ၊ ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေ၊ ကျနော်တို့ရဲ့ စွမ်းအားတွေ ကျနော်တို့ရဲ့ အနာဂတ်တွေ အစရှိတဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ခဲ့ကြတာလဲ ရှေ့ဆက်ဘယ်လို ရင်ဆိုင်ကြမလဲ။

အစရှိတဲ့ စိတ်၀င်စားစရာ topic တွေကို စာရေးသူက ကျယ်ကျယ်ပြန့်ပြန့် နဲ့ ရှင်းပြထားပါတယ်။