အခန်း (၁) အနာဂတ် တိုးတက်မှုများ (၁)

Nov 9, 2023

Startup

Peter Thiel

Zero to One: Notes on Startups, or How to Build the Future

အခန်း (၁)

အနာဂတ် တိုးတက်မှုများ (၁)

ကျွန်ုပ်တို့ အနာဂတ်အား မျှော်ကြည့်ကြသည့် အခါ အနာဂတ်မှာ

ဖြစ်လာနိုင်မယ့် တိုးတက်မှုတွေ ကို မျှော်လင့်လေ့ ရှိကြပါတယ်။ တိုးတက်မှုတွေဟာ အောက်ဖော်ပြပါ ပုံစံနှစ်မျိုးမှ တစ်မျိုးအနေနဲ့ ဖြစ်လာလေ့ ရှိကြပါတယ်။

အလျားလိုက် တိုးတက်ခြင်း (Horizontal or extensive progress) ဆိုတာက ရှိနှင့်ပြီးသား နည်းပညာတွေကို ကူးယူပြီး ဆောင်ရွက်ခြင်းကို ဆိုလိုပါတယ်။

အောက်မှာ ပြထားတဲ့ graph အရဆို 1 က n ကို သွားတဲ့ progress ဖြစ်ပါတယ်။

ဒီ ရှိနှင့်ပြီးသား နည်းပညာတွေကို ကျနော်တို့ ထိတွေ့ဖူး တဲ့ အတွက် အလျားလိုက် တိုးတက်မှုကို လွယ်လွယ်ကူကူ စိတ်ကူးနိုင်ပါတယ်။

ဒေါင်လိုက်တိုးတက်ခြင်း (Vertical or intensive progress) ဆိုတာက နည်းပညာအသစ်တွေကို တီထွင်ဖန်တီးခြင်းဖြစ်ပြီး အောက်မှာ ပြထားတဲ့ graph အရဆို 0 က 1 ကို သွားတဲ့ progress ဖြစ်ပါတယ်။ ရှေ့မှာ ဘယ်သူမှ မလုပ်ရသေးတာကို တီထွင်ခြင်းဖြစ်တဲ့အတွက် ဒေါင်လိုက်တိုးတက်ခြင်းကို စိတ်ကူးဖို့ ခက်ခဲပါတယ်။

လက်နှိပ်စက်တစ်လုံးယူ၍ လက်နှိပ်စက် အလုံး 100 ဆောက်ပါက သင်ဟာ အလျားလိုက် တိုးတက်မှုကို လုပ်ဆောင်တာဖြစ်ပြီး

သင်မှာ ရှိတဲ့ လက်နှိပ်စက်တစ်လုံးကို သုံးပြီး word processor တစ်ခု တည်ဆောက်ခြင်းဟာ ဒေါင်လိုက်တိုးတက်ခြင်း ဖြစ်ပါတယ်။

Micro level စီးပွားရေးအနေနဲ့ ကြည့်မယ်ဆိုရင် အလျားလိုက်တိုးတက်ခြင်း ဆိုတာကို ကျနော်တို့ ရင်းနှီးကျွမ်း၀င်ပြီးသား စကားလုံး တစ်လုံးဖြစ်တဲ့ globalization ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြနိုင်ပါတယ်။

Globalization ရဲ့ ဥပမာတစ်ခုက တရုတ်ပြည်ကြီးဖြစ်ပြီး တရုတ်ပြည်ကြီးရဲ့ နှစ်၂၀ plan ကနေ ဒီကနေ့ အမေရိကန်ပြည်ထောင်စုလို ဖြစ်လာဖို့ဘဲ ဖြစ်ပါတယ်။

တရုတ်လူမျိုးများဟာ ဖွံ့ဖြိုးပြီးကမ္ဘာတွင် အသုံးပြုနေဆဲ နည်းပညာတွေ ဖြစ်တဲ့ ၁၉ ရာစု ရထားလမ်းများ၊ 20 ရာစု လေအေးပေးစက်များနှင့် ပုံစံတူ မြို့ကြီးတွေထိ

ကူးယူ တည်ဆောက်နေကြပါတယ်။

တရုတ်လူမျိုးတွေရဲ့ globalization ဆီသို့ သွားရာလမ်းမှာ ကြိုးဖုန်းတွေကို မသုံးဘဲ ကြိုးမဲ့ ဖုန်းတွေ အသုံးပြုတာ စသဖြင့် ခုံပျံ ကျော်လွှားမှုတွေ ရှိကောင်းရှိနိုင်သော်လဲ သူတို့ဆောက်ရွက်ခြင်းသည်ကား 1 ကနေ n သို့သွားသည့်

ကူးယူဆောင်ရွက်ခြင်းဖြင့် တိုးတက်မှု ဖြစ်သည့် အလျားလိုက် တိုးတက်မှု သာဖြစ်ပါတယ်။

ဒေါင်လိုက်တိုးတက်မှုဖြစ်သည့် 0 ကနေ 1 ကို သွားသည့်တိုးတက်မှုကို Technology ဆိုသည့် စကားလုံးဖြင့် ဖော်ပြနိုင်ပါတယ်။ မကြာသေးမီဆယ်စုနှစ်များအတွင်း သတင်းအချက်အလက်န ည်းပညာ၏ လျင်မြန်စွာတိုးတက်မှုကြောင့် ဆီလီကွန်တောင်ကြားသည် ယေဘုယျအားဖြင့် "နည်းပညာ" မြို့တော်ဖြစ်လာခဲ့ပါတယ်။

သို့သော် နည်းပညာကို ကွန်ပျူတာများတွင်သာ ကန့်သတ်ထားသင့်သည့် အကြောင်းပြချက်မရှိပါ။

နားလည်အောင် ပြောရမယ်ဆိုလျှင်

နည်းလမ်းသစ် သို့မဟုတ် ပိုမိုကောင်းမွန်သည့် နည်းလမ်းများအား အသုံးပြု ဆောင်ရွက်ခြင်းသည် နည်းပညာဖြစ်ပါတယ်။