အခန်း(၁) အနာဂတ်၏ စိန်ခေါ်မှုများ
Nov 9, 2023
Peter Thiel
Zero to One: Notes on Startups, or How to Build the Future
အခန်း (၁)
အနာဂတ်၏ စိန်ခေါ်မှုများ
လူနည်းစုကသာ သင်နဲ့ အတူလက်ခံမယ့် အရေးကြီးတဲ့ အမှန်တရားတွေက ဘာလဲ ဆိုတဲ့
ဆန့်ကျင်ဘက် မေးခွန်းတစ်ခုကို
စာရေးသူ သည်တစ်စုံတစ်ယောက် ကို အလုပ် interview သည့် အချိန်တိုင်း တွင် မေးလေ့ရှိပါတယ်။
ဒီမေးခွန်းက ရိုးရှင်းတော့ လွယ်ကူမယ့်ပုံ ပေါ်ပေမယ့် ဖြေရတာခက်ခဲသည့် မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းက ဥာဏ်ပညာအရလဲ ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတိုင်း ကျောင်းမှာ သင်ယူခဲ့ရတဲ့ ဗဟုသုတတွေဆိုတာ က သဘောတူညီမှု ပေါ်မှာဘဲ မူတည်ပြီးတော့ သင်ကြားခဲ့တာ ကြောင့် ဘဲ ဖြစ်ပါတယ်။
ဖြေဆိုရန်ကြိုးစားသူတိုင်းသည် လူကြိုက်မများတဲ့ အမြင် တစ်ခုအား မဖြစ်မနေ ပြောရမည်ဖြစ်သောကြောင့် စိတ်ပိုင်းဆိုင်ရာအရလဲ ခက်ခဲပါတယ်။ ဖောက်ထွက်တွေးပြီး ဖြေကြတာတွေ့ပေမယ့် တကယ် သတ္တိရှိရှိ ပြောရမှာတော့ တွံ့ဆုတ်နေကြတာကို တွေ့ရပါတယ်။
အများဆုံး ဖြေကြတာတော့ အောက်မှာ ပြထားတဲ့ အဖြေတွေဘဲ ဖြစ်ပါတယ်
- ကျွန်တော်တို့ရဲ့ ပညာရေးစနစ် ပျက်ယွင်းနေပြီး အရေးတကြီး ပြုပြင်ဖို့ လိုအပ်နေပါတယ်
- အမေရိကက ထူးခြားတယ်
- ဘုရား တကယ် မရှိဘူး
ဒါတွေဟာ စာရေးသူ လိုချင်တဲ့ အဖြေများ မဟုတ်ကြပါ။ ပထမ အဖြေနဲ့ ဒုတိယ အဖြေက မှန်ကောင်းမှန်နိုင်ပေမယ့် လူအများစု သဘောတူလက်ခံပြီးသား အယူအဆတွေသာ ဖြစ်နေပါတယ်။ တတိယ အဖြေကလဲ “ဘုရားရှိလား မရှိဘူးလား” ဆိုတဲ့ ကျနော်တို့ ရင်းနှီးကျွမ်း၀င်ပြီးသား ငြင်းခုန်မှုတွေရဲ့ တစ်ဖက်သက် အဖြေတခုသာ ဖြစ်ပါတယ်။
လူအများစုက x ကို ယုံကြည့်ကြတယ်ဆိုရင် စာရေးသူ လိုချင်တဲ့ အဖြေမှန် ဆိုတာက x ရဲ့ ဆန့်ကျင်ဘက်ဘဲ ဖြစ်ပါတယ်။
အပေါ်မေးထားတဲ့ ဆန့်ကျင်ဘက်မေးခွန်းအတွက် စာရေးသူရဲ့ အဖြေကို နောက် chapter တွေမှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
“ဒီ ဆန့်ကျင်ဘက်မေးခွန်းသည် အနာဂတ်နှင့် မည်သို့သက်ဆိုင်သလဲ”။ အရိုးရှင်းဆုံး ပြောရရင် အနာဂတ်ဆိုတာ မရောက်သေးတဲ့ အခိုက်အတန့် တွေကို ဆိုလိုတာဖြစ်ပါတယ်။
အနာဂတ်ကို ထူးခြားပြီး အရေးကြီးစေတဲ့ အရာတွေက မဖြစ်သေးတဲ့ အဖြစ်အပျက်တွေ ကြောင့်ဖြစ်ပြီး အနာဂတ်ကို ကမ္ဘာကြီးက ဒီနေ့နဲ့ လုံး၀ကွဲပြားနေတဲ့ အချိန်တွေလို့လဲ ဖွင့်ဆိုနိုင်ပါတယ်။
ဒီသဘောတရားအရဆိုရင် ကျနော်တို့ လူ့အဖွဲ့အစည်းဟာ နောင်ဆယ်စုနှစ် တစ်ခု အတွင်းမှာ ဘာမှ မပြောင်းလဲ ဘူးဆိုရင် အနာဂတ်ဟာ ဆယ်စုနှစ် တစ်ခုအ၀ေးမှာဘဲ ရှိနေအုံးမှာ ဖြစ်ပါတယ်။ နောင်ဆယ်စုနှစ်အတွင်းမှာ အပြောင်းအလဲတွေ သိသိသာသာ ပြောင်းလဲလာမယ်ဆိုရင် အနာဂတ်ဟာ နီးလုနီးနီးပါပဲ။
အနာဂတ်ကို ဘယ်သူမှ အတိအကျ ခန့်မှန်းနိုင်မှာ မဟုတ်ပေမယ့် အနာဂတ်ဟာ ကွဲပြား ခြားနားပြီး လက်ရှိ ကမ္ဘာကိုဘဲ အခြေခံထားမယ်လို့ တော့ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
ဆန့်ကျင်ဘက်မေးခွန်းအတွက် အဖြေအများစုသည် ပစ္စုပ္ပန်ကိုမြင်ရန် မတူညီသောနည်းလမ်းများဖြစ်ပါတယ်။ အဖြေများသည် ကျွန်ုပ်တို့ အနာဂတ်ကို လှမ်းကြည့်နိုင်သလောက် နီးစပ်နိုင်ပါတယ်။