နည်းပညာများ၊ ဓားများ၊ လှံများ၊ ပုဆိန်များ၊ မျက်​မှောက်အရင်းရှင်ခေတ်နှင့် အလယ်ခေတ် viking တွေ၊ အလယ်ခေတ်ဘုရင်တွေ၊ နယ်စားတွေ ​နှင့် မျက်မှောက်​​ခေတ်နည်းပညာလုပ်ငန်းရှင်တွေရဲ့ ဆုံချက်ကို သမိုင်းတစ်ပတ်လည်မှု ရှု​ထောင့်မှ ချဥ်းကပ်ခြင်း

Dec 14, 2023

Vikings' WeaponsHistoryCapitalismProgramming LanguagesVikingsTechnology
နည်းပညာများ၊ ဓားများ၊ လှံများ၊ ပုဆိန်များ၊ မျက်​မှောက်အရင်းရှင်ခေတ်နှင့် အလယ်ခေတ် viking တွေ၊ အလယ်ခေတ်ဘုရင်တွေ၊ နယ်စားတွေ ​နှင့် မျက်မှောက်​​ခေတ်နည်းပညာလုပ်ငန်းရှင်တွေရဲ့ ဆုံချက်ကို သမိုင်းတစ်ပတ်လည်မှု ရှု​ထောင့်မှ ချဥ်းကပ်ခြင်း

နည်းပညာများ၊ ဓားများ၊ လှံများ၊ ပုဆိန်များ၊
မျက်​မှောက်အရင်းရှင်ခေတ်နှင့် အလယ်ခေတ် viking တွေ၊ အလယ်ခေတ်ဘုရင်တွေ၊ နယ်စားတွေ ​နှင့် မျက်မှောက်​​ခေတ်နည်းပညာလုပ်ငန်းရှင်တွေရဲ့ ဆုံချက်ကို သမိုင်းတစ်ပတ်လည်မှု ရှု​ထောင့်မှ ချဥ်းကပ်ခြင်း

ကျနော်တို့ facebook post တွေမှာ
java က ပိုကောင်းတယ်
python က ပိုကောင်းတယ်
C# မရှိရင် ဘာမှ ဖြစ်မလာဘူး
javascript မရှိတဲ့ လောကကြီးကို
မင်း တွေးကြည့်မိလား
php က newbie တွေဘဲ ကြိုက်တာ
စသဖြင့် ငြင်းခုံနေကြတာ တွေ့ဖူးကြလိမ့်မယ်

ဒီလိုမျိုး
ငါသုံးတဲ့
နည်းပညာ ပိုကောင်းတယ်
မင်းသုံးတဲ့ နည်းပညာ က weak
တယ်လို့ ငြင်းခုန်နေကြပြီး တစ်ခုခုကို
တည်ဆောက်ဖို့ ထက်
ငြင်းခုန်ဖို့ ကို ပိုအာရုံစိုက်နေကြတာကို
(ဘစ်ိုင်းရဲ့ မင်းဆော်ထက်ငါ့ဆော်ပိုမိုက်တယ် သီချင်းကိုတောင် သွားသတိရ )

မျက်​မှောက်ခေတ်
အရင်းရှင်စနစ် ပေါ်ကနေ ရပ်ကြည့်တဲ့
သမိုင်း ​အမြင်ကနေ ကြည့်မယ်ဆိုရင်
ကျနော်တို့ဟာ viking age အလယ်ခေတ်မှာ မွေးဖွားခဲ့တဲ့
warrior တွေဖြစ်ပြီး
ပုဆိန်က ပိုကောင်းတယ်
ဓားက ပိုကောင်းတယ် လို့
လှံက ပိုကောင်းတယ်လို့
ငြင်းခုန်နေကြပြီး
တိုက်ခိုက်ဖို့ နယ်ချဲ့ဖို့
မကြိုးစားကြတာ
နဲ့ တူနေတယ်

ဒါဝင်ရဲ့
ဆင့်ကဲသီအိုရီ
(On the Origin of Species (1859) by
Charles Darwin)
အရပြောမယ်ဆိုရင်
ဓားတွေ လှံတွေ ပုဆိန်တွေ
ကွန်ပျုတာတွေ နည်းပညာတွေဟာ
ကျနော်တို့ ဟာ ဖြတ်သန်းရတဲ့
ခေတ်က ပေးထားတဲ့
survial ဖြစ်ဖို့၊ တစ်ခုခုကို တည်ဆောက်ဖို့၊
ဘဝအတွက် တိုက်ခိုက်ဖို့ ပေးထားတဲ့
ဆင့်ကဲ့တိုးတက်လာတဲ့
tools တွေ သက်သက်လို့ မြင်တယ်

vikings တစ်ယောက်အနေနဲ့
တကယ် Get Shit Done ဖို့ဆိုရင်
ဘယ် tools က ပိုကောင်းတယ်လို့
ငြင်းခုန်မယ့်အစား

ဆက်ဆွန်တ​ယောက်ခေါင်းကို ဖြတ်ဖို့ ဇရှိတာ
ကိုယ်တိုင်အဖြတ်ခံရဲတဲ့ ဇမျိုးရှိတာ
real life မှာ ပိုအသုံးဝင်မယ်
street မှာ ပို hustle လုပ်နိုင်မယ်ထင်တယ်

ဒီဇတွေရှိရင် follower aka fan တွေက ရှိလာမှာဘဲ
ဒီ tools တွေ ရဲ့ အသုံးဝင်ပုံတွေ
tools တွေကို သုံးတဲ့
ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို သုံးပြီး

diplomacy ကောင်းကောင်းနဲ့ မဟာမိတ်
တိုးတက်အောင်လုပ်မယ်

အခြားနိုင်ငံတွေကို သွားကျွန်ပြုမယ်
ရတဲ့ရွှေတွေ ကျွန်တွေကို ခွဲဝေပေးမယ်ဆိုပြီး
လူတွေကို မျှော်လင့်ချက်နဲ့ မျှားပြီး
propaganda ကောင်းကောင်းနဲ့
လူတွေ စည်းရုံးမယ်ဆိုရင်
ရှေ့ဆုံးက တိုက်ခိုက်ရဲတဲ့ ဇကို အသုံးချပြီး
charactermaic leadership ကို တည်ဆောက်မယ်
ဆိုရင်
tools တွေကို အသုံးချပြီး
နယ်စားတွေ ဘုရင်တွေတောင်
ဖြစ်လာနိုင်သေးတယ်

ဒီတိုင်းဘဲ
၁၁ ရာစုမှာ ဒိန်းမတ်ဘုရင် Cnut ဟာ
အဂ်လန်၊ ဒိန်းမတ် နဲ့ နော်ဝေ တို့ကို
သူတို့ ခေတ်ရဲ့ ခေတ်အမှီဆုံး tools တွေကို
သုံးပြီး သိမ်းပိုက် အုပ်ချုပ်ခဲ့တာ

၂၁ ရာစုအရင်းရှင်စနစ်မှာ
ခေတ်မှီတဲ့ tools တွေ
ဖြစ်တဲ့ နည်းပညာတွေ
ဒီ tools တွေကိုသုံးတဲ့ ကျွမ်းကျင်မှုတွေကို
အသုံးချပြီး
zuckerberg တို့ elon musk တို့
billgates တို့က market ကို
market timing ကွက်တိ
monopolize လုပ်သွားတာတွေက
ခေတ် နှစ်ခေတ် လုံးအတွက် အမြင်သာဆုံး
ဥပမာတွေပါ

tools တွေပေါ် ရူးသွပ်သူ၊ ငြင်းခုံသူတွေဟာ
အလယ်​ခေတ်မှာ ဘုရင်တွေ နယ်စားတွေ ဖြစ်ဖို့တွေ၊
သူများ နယ်မြေတွေကို ကိုလိုနီပြုဖို့ တွေ၊
လက်ရှိ အရင်းရှင်ခေတ်မှာ
capital power တည်ဆောက်ဖို့တွေထက်

သူတို့ passion ပိုရှိတဲ့
tools ​​တွေ ၊ tools တွေ ကိုင်တာ ကျွမ်းကျင်မှု
တွေပေါ် focus ထား ငြင်းခုံရင်း၊ တည်ဆောက်ရင်း၊
ဆင့်ကဲ့တိုးတက်အောင် လုပ်ရင်း

၂၁ ရာစုရဲ့
အမြင်သာဆုံး ဥပမာတခုအနေနဲ့
ကမ္ဘာ့ web sever တွေ အားလုံးရဲ့
96.3%
မှာ အသုံးပြုထားတဲ့ linux လို
open source operating system တွေ
ဝိုင်းဝန်း
တည်ဆောက် နိုင်ခဲ့ကြပြီး
ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေနဲ့အတူ
လူအဖွဲ့အစည်းက နောက်တစ်ဆင့်ရောက်ခဲ့သလို

အခြားတစ်ဖက်မှာလဲ
နယ်စားဖြစ်ဖို့၊ ဘုရင်ဖြစ်ဖို့ ၊
သူများနယ်မြေတွေကို ကိုလိုနီ ပြုဖို့၊
apple လို personal computer တော်လှန်ရေးကို ထိပ်ဆုံးက စတင်ဖို့ စတဲ့
တစ်ခုခု တည်ဆောက်ဖို့လိုအပ်တဲ့ သမိုင်း
ကွက်လပ်ကို ဖြည့်ဖို့အတွက်လဲ
ပိုမိုကောင်းမွန် တဲ့ tools တွေပေါ်ထွက်လာခဲ့တာလို့
ယူဆမိပါတယ်

ဒါကြောင့် စာဖတ်သူတွေ အနေနဲ့
ဖြတ်သန်းရတဲ့ခေတ်ရဲ့
ပေးထားချက်တွေကို သုံးပြီး
စာဖတ်သူတွေ
ယုံကြည်တဲ့ လမ်းကြောင်းပေါ်
hustle ကောင်းကောင်း
လုပ်နိုင်ဖို့ အားပေးရင်း
ဒီစာကို အဆုံးသတ်လိုက်ပါတယ်။

11th Century Vikings

11th Century Vikings

Vikings' Weapons

Vikings' Weapons

King Cnut, King of England, Norway and Denmark

King Cnut, King of England, Norway and Denmark

Elon Musk, Ceo and Cofounder of Tesla and Space X

Elon Musk, Ceo and founder of Tesla and Space X

Mark Zuckerberg, Ceo and Cofounder of Facebook

Mark Zuckerberg, Ceo and Cofounder of Facebook

Modern Day Programming Languages

Modern Day Programming Languages