Previewing: Zero to One: Notes on Startups, or How to Build the Future

Aug 24, 2023

StartupBook PreviewTechnology

Peter theil က paypal cofounder နှင့် spacex တို့ facebook တို့ကို အစောဆုံး inverstment ထည့်ခဲ့တဲ့ investor ဖြစ်ပါတယ်။

သူ့ရဲ့ "Zero to One: Notes on Startups, or How to Build the Future" ကိုဖတ်ရင်း ဘာသာပြန်ချင်စိတ်ပေါက်လာလို့ intro ကို ဘာသာပြန်ပေးလိုက်ပါတယ်

facebook, tesla တို့လို နည်းပညာ company တည်ဆောက်ချင်တဲ့ အိပ်မက်ရှိသူတွေ ဒီစာအုပ်ကို ညွှန်းပါတယ်

အကယ်၍ ဘာသာပြန်တာ ဖတ်ချင်တဲ့ စာဖတ်သူ အရေအတွက်တစ်ခုရှိရင်တော့ တစ်ပတ်ကို တစ်ခန်း ရေးတင်ပေးပါမယ်

ကျေးဇူးတင်ပါတယ်

-----------------------------------------------------------------

"Zero to One: Notes on Startups, or How to Build the Future"

-----------------------------------------------------------------

စီးပွားရေး တွင် အခိုက်အတန့် တိုင်းသည် တစ်ကြိမ်မျှသာ ဖြစ်လေ့ရှိသည်။ Bill Gates နောက်တစ်ယောက်သည် operating system ကို တည်ဆောက်မှာ မဟုတ်ပေ။ နောက်ထပ် Larry Page နှင့် Sergey Brin တို့ပေါ်ထွက်လာပြီး search engine ကို တည်ဆောက်မှာ မဟုတ် သလို

Zuckerberg နောက်တစ်ယောက်သည် လည်း social network အား တည်ဆောက်မှာ မဟုတ်ပေ။ ခင်ဗျားသည် အပေါ်တွင် ပြောခဲ့သော

ပုဂ္ဂိုလ် တို့ဆီ က ကူးယူခြင်းဖြင့် မည်သည့်အရာမျှ သင်ယူနိုင်မည် မဟုတ်ပေ။

"Zero to one" စာအုပ်သည်ကား အသစ်များအား ဖန်တီးခြင်းဖြင့် နည်းပညာ company များအား မည်သို့ တည်ဆောက်ရမလဲ ဟူသည့်

နည်းလမ်းများအား ရှင်းပြထားသည့် စာအုပ်ဖြစ်သည်။

စာရေးသူသည် paypal နှင့် palantir စသည့် နည်းပညာ company များအား ပူးတွဲ တည်ထောင်ခဲ့ခြင်းနှင့် facebook နှင့် space x အပါအ၀င် ရာနှင့်ချီသော နည်းပညာ starup company တို့တွင် ရင်းနှီးမြှပ်နှံရင်း သင်ယူရရှိခဲ့သော အတွေ့အကြုံတို့အား အသုံးချကာ ဤစာအုပ်အား ရေးသားထားခြင်း ဖြစ်သည်။

ယင်းအတွေ့အကြုံများမှ သတိပြုမိခဲ့သော ပုံစံများအား အသုံးပြုကာ

ဤစာအုပ်တွင် ဆက်နွယ် ရှင်းပြပေးမည် ဖြစ်သော်လည်း ဤစာအုပ်က မည်သည့် အောင်မြင်မှု ဖော်မြူလာမှ ယူဆောင်ပေးမည်မဟုတ်ပေ။

စွန့်ဦးတီထွင်မှုအား သင်ကြားပေးခြင်း ၀ိရောဓိတွင် မည်သည့် ဖော်မြူလာမှ လိုအပ်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဆန်းသစ်တီထွင်မှု တိုင်းသည် သစ်လွင်ခြင်းနှင့် တုနှိုင်းမဲ့ ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ပင် မည်ကဲ့သို့ ဆန်းသစ်တီထွင်ရမည်ကို တိကျသော ဝေါဟာရများဖြင့် မဖော်ပြနိုင်ပေ။

အမှန်စင်စစ်၊ ကျွန်ုပ်သတိပြုမိခဲ့သော တစ်ခုတည်းသော အစွမ်းထက်ဆုံးပုံစံမှာ အောင်မြင်သူများသည် မထင်မှတ်ထားသောနေရာများတွင် တန်ဖိုးများရှာဖွေကြပြီး ဖော်မြူလာများအစား ယင်းတန်ဖိုး များအား အသုံးပြုကာ စီးပွားရေး ပုံစံ အသစ် များ အကြောင်း ဆက်စပ်တွေးခေါ် ခြင်းဖြင့် ၄င်းတို့၏ company များအား တည်ဆောက်ကြခြင်း ဖြစ်သည်။

Peter Thiel and Elon Musk In Paypal