React Guage Meter

Aug 30, 2023

ReactGuage MeterReact Guage Meter

Gauge လို့ခေါ်တဲ့ အောက်မှာ ဖော်ပြထားတဲ့ meter တိုင်းတဲ့ component လိုအပ်လို့ Open Source community ကနေ ရှာကြည့်တာ တွေ့တဲ့ component တွေနဲ့ ကျနော်တို့ requirement၊ ကျနော်တို့ သုံးထားတဲ့ component library (react js) နဲ့ အဆင်မပြေတာရယ်

ကျနော်တို့ requirement နဲ့

ကိုက်တဲ့ component ကို paid version အနေနဲ့ ရှာတွေ့ပေမယ့် component တစ်ခုချင်း အနေနဲ့ မရောင်းဘဲ component group အနေနဲ့ ရောင်းပြီး

Component group အတွက် pricing ဆို နဲနဲစျေးကြီးတော့

open source ပေးထားတဲ့ basics component တွေဘဲ သုံးပြီး

ကျနော်တို့ လိုချင်တဲ့ အနေအထားရအောင် ဖန်တီးလိုက်ပါတယ်။

ကျနော်တို့ ဒီ component ကိုရှာတဲ့ အတွေ့အကြုံအရဆို component က

ရှားပါးတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ကျနော်လုပ်ထားတဲ့ component ကို

လိုအပ်တဲ့ လူတွေအတွက် open source လုပ်ပေးရင်း open source community ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေနဲ့ အကျိုးပြုလိုက်ပါတယ်။

လိုအပ်တဲ့ technical detail အတွက်

Npm link ၊ github repo link နဲ့ component demo link တို့ကို အောက်မှာ ချပေးထားပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ် ။


Latest projects